June 17, 2013

Ashampoo Slideshow Studio HD 2.0.6 Portable 27MB


သီချင်းတွေကို ဓာတ်ပုံ စာသားတွေနဲ့တွဲပြီး effects အစုံအလင်နဲ့ Slideshow လုပ်ပေးနိုင်တဲ့ ဆောစ့်ဝဲလ်လေးပါ လုပ်ချင်တယ်ဆိုရင် အောက်ကလိပ်စာမှာရယူနိုင်ပါတယ်
Portable ဗားရှင်းဆိုတော့ Install လုပ်စရာမလို ကတ်ထဲမှာ ဆောင်ထားချင်တဲ့ သူငယ်ချင်းတွေအတွက်
အဆင်ပြေပါတယ် အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ်

Download>>>http://www.mediafire.com/download/gw6ya9ocniw847t/Ashampoo_Slideshow_Studio_HD_2.0.6_%28amyokaungtarr.com%29Portable.rar

May 28, 2013

နောက်ဆုံး IDM version လေး

ဒီ IDM ကတော့ ဘာမှထပ်လုပ်ပေးစရာမလိုတော့တဲ့ IDM နောက်ဆုံး Update လေးပါ... RAR ဖိုင်လ်ထဲမှာပါတဲ့ IDM 6.15.exe လေးကို Double Click ပြီး Install ပေးလိုက်ရုံနဲ့ အမြဲတမ်းသုံးလို့ရသွားစေမှာပါ... Serial Key ထည့်ပြီး Register လုပ်ပေးစရာမလိုတော့ပါဘူး....


Download = > http://www75.zippyshare.com/v/88328899/file.html

May 7, 2013

်facebook videos download

facebook က မိုဗီတွေကိုဒေါင်းတာ အဆင်မပြေတဲ့သူငယ်ချင်းများအတွက်
မျှပေပေးလိုက်ပါတယ်။
အရင်ဆုံး ကိုယ်ဒေါင်းချင်တဲ့မိုဗီရဲ့ လိပ်စာ (လင့်)copy ယူပြီး
http://www.downvids.net/ ရဲ့ Enter the video link အကွက်လေးထဲကိုထည့်ပေးလိုက်ပြီး Download နိုပ်လိုက်ပါ
ဒေါင်းလို့ ရပါပြီ အဆင်ပြေပါစေ... (User Giver Freedownloads )

April 8, 2013

Facebook အကောင့်သစ်ဖွင့်တိုင်း Lock လော့ကျကျနေတယ်ဆိုရင်

Facebook အကောင့်သစ်ဖွင့်တိုင်း Lock လော့ကျကျနေတယ်ဆိုရင်....

အခုရက်ပိုင်းအတွင်း Facebook အကောင့်အသစ်ဖွင့်တိုင်း Email Confirmation လုပ်လိုက်တာနဲ့
တစ်ခါတည်း အကောင့်ကာ လော့ကျသွားတာတွေ ကြားနေရပါတယ် ..
ဒါနဲ့ ကျွန်တော်လည်း သာမာန်အတိုင်းပဲ Facebook အကောင့်အသစ်တစ်ခုကို ဖွင့်ကြည့်လိုက်တာ
တကယ်ပဲ Email အတည်ပြုပြီးတဲ့အဆင့်မှာပဲ Fake Name သုံးထားလို့ ဘာညာဆိုပြီး
လော့ကျသွားပါတယ် .. ပြန်ရချင်ရင်တော့ နိုင်ငံခြားက အသိတစ်ယောက်ရဲ့ အကူအညီကိုယူပြီး
သူ့ဖုန်းနံပါတ်ကိုထည့်ပေး FB က Text Message ပို့ပေးခဲ့တဲ့ ကုဒ်ကို ထည့်ပေးနိုင်ရင်တော့ ရကောင်းရနိုင်ပါတယ် ..

အလုပ်လည်း ရှုပ်သလို .. ရနိုင်မယ်မရနိုင်ဘူးလည်း မသေချာ .. နောက်ထပ် လော့ကျနိုင်ခြေ
ဘယ်လောက်နီးစပ်မစပ်လည်း မသေချာဆိုတော့ .. အကောင့်ဖွင့်ကတည်းက
လော့မကျအောင်ဖွင့်နိုင်မယ် နည်းလမ်းတွေကို အမျိုးမျိုးစမ်းသပ်ကြည့်တော့ ဒီနည်းလေးကို
သွားတွေ့ပါတယ် .. ဒီနည်းလမ်းအတိုင်း အကောင့်သုံးလေးခုကို ဖွင့်ကြည့်တာ အားလုံးအဆင်ပြေပြေနဲ့
အောင်မြင်တာကို တွေ့ရပါတယ် ..
အကောင့်သစ်အတွက် ဘာမှမလုပ်ခင် Browser မှာရှိတဲ့ History တွေ Cookies တွေကို ရှင်းထားလိုက်ပါ

ပထမဆုံး nolockfacebook@gmail.com ဆိုတဲ့ Gmail အကောင့်အသစ်တစ်ခုဖွင့်လိုက်ပါတယ် ..
ဒီပို့စ်မှာ တစ်ချက်ခုတ်နှစ်ချက်ပြတ်ဖြစ်အောင် Gmail အကောင့်သစ်ကိုလည်း Free ဖွင့်ပြထားပါတယ် ..

www.k7.net မှာ အကောင့်သစ်ဖွင့်ပြီး ဖုန်းနံပါတ်ယူတဲ့နည်းပါ .. .

Gmail အကောင့်သစ်ဖွင့်ပြီးဆိုရင် အဲဒီ gmail ကို မပိတ်ပဲ နောက်ထပ် Tab အသစ်နဲ့ Facebook အကောင့်သစ်စဖွင့်ပါတယ် ..

First name Last name နေရာတွေမှာ အင်္ဂလိပ်နံမည်တွေ ထည့်ပေးပါတယ် .. (ကျွန်တော့်တို့ မြန်မာနံမည်တွေက
အနောက်နိုင်ငံတွေရဲ့ နံ့မည်တွေနဲ့ တည်ဆောက်ပုံမတူလို့ Fake Name အဖြစ် Facebook က ယူဆတတ်လို့ပါ )

ကျန်တဲ့အချက်တွေကိုတော့ တတ်နိုင်သမျှ Email အကောင့်ထဲကအချက်တွေနဲ့ တူအောင် ထည့်ပေးပါ ..
မွေးသက္ကရာဇ်ထည့်တဲ့နေရာမှာ တစ်ခုသတိထားရမှာက လက်ရှိအချိန်ထိ 18 နှစ်နဲ့အထက်ဖြစ်အောင် တွက်ချက်ပြီး ထည့်ပေးပါ .. ( 13 နှစ်ကျော်ရင်လည်း ရပေမယ့် တစ်ခါတစ်ခါ Error တက်တတ်လို့ပါ . )
ကျန်တာတွေကိုတော့ ပုံမှန်အတိုင်းပဲ ထည့်ပေးသွားပါ ..
နိုင်ငံကလည်း လက်ရှိ အဲဒီ Browser ကဖတ်ထားတဲ့ နိုင်ငံ ( မြန်မာနိုင်ငံကဖွင့်တာဆို Myanmar ဆိုတာလေး ပြနေမှာကိုပြောတာ)

ပြီးရင် နောက်တစ်ဆင့်ရောက်တဲ့အခါ .. Find Friends ကို မနှိပ်ပဲ Skip လုပ်လိုက်ပါ ..
( Find Friends လုပ်လိုက်ရင် အခြားသော အကောင့်တွေကို လိုက်ချိတ်တာဖြစ်လို့ Spam ရဲ့ လမ်းကြောင်းနဲ့ သွားတူနေလို့ပါ .. )

နောက်တစ်ဆင့်မှာတော့ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ထည့်ပေးရပါမယ် ..
School မှာ အင်္ဂလိပ်လို ကျောင်းတစ်ကျောင်းရိုက်ထည့် အဲဒီအခါ Facebook က သူ့ရဲ့ Database ထဲမှာရှိတဲ့ ကျောင်းကို Result ထုတ်ပေးလာလိမ့်မယ် .. သူဖေါ်ပြလာတဲ့ ကျောင်းတွေထဲကမှ ကိုယ်ကြိုက်တာကို ရွေးနှိပ်လိုက်ပါ .. ( ကိုယ်ထည့်ချင်တာကို ထည့်လိုက်တာမဟုတ်ပါဘူး .. Facebook က သိထားတဲ့ကျောင်းကိုပဲ ရွေးထည့်ပေးလိုက်တာပါ )

University နဲ့ အောက်က အကွက်တွေမှာလည်း ဒီအတိုင်းပဲ .. Facebook က ဖေါ်ပြပေးတဲ့ နံမည်တွေကိုပဲ ရွေးပေးလိုက်ပါ .. ( အဲဒါတွေက နောက်မှ ပြင်လည်းရတယ်လေ )
နောက်တစ်ဆင့်မှတော့ Profile ပုံကို Upload တင်ပေးရမှာပါ .. ဒီအဆင့်ကို မကျော်ပဲ ပုံတစ်ပုံတင်ပေးလိုက်ပါ .. ဒါတွေပြီးလို့ Save and continue ကိုနှိပ်လိုက်ရင်
Friends အပ်ခိုင်းတဲ့ အဆင့်ဝင်လာပါတယ် .. ဒီအဆင့်မှာတော့ သူငယ်ချင်း နှစ်ယောက်လောက်ကို Friend Request လုပ်လိုက်ပါ ....

နောက်တစ်ဆင့်မှာတော့ ကိုယ့်ရဲ့ Home ကို ရောက်သွားပါမယ် .. အဲဒီမှာ Search Box ထဲကနေ .. ကိုယ့်ရဲ့ တစ်ခြားအကောင့်တစ်ခု ကို ရှာပြီး Add ပါ .. အဲဒီအကောင့်ကိုလည်း စက်တစ်လုံးကနေ Log in ၀င်ထားပြီး Friend Request လုပ်တာကို ချက်ချင်းပဲ Confirm လုပ်ပေးလိုက်ပါ ..
အဲဒီအဆင့်ပြီးမှ ကိုယ့်ရဲ့ Gmail ကို ပြန်သွားပါ .. ( Facebook ရဲ့ အပေါ်မှာ ပေါ်နေတဲ့ Go to your gmail ကို မနှိပ်ပဲ ဒီအတိုင်းပဲ Gmail tab ကို သွားလိုက်တာပါ )

Gmail ထဲမှာ Facebook ကပို့ပေးလိုက်တဲ့ စာနှစ်စောင်ထဲက ပိုစောတဲ့စာ ( အောက်မှာရှိတဲ့စာ) ကိုဖွင့်ပြီး
Complete Sign Up ကို မနှိပ်ပဲ သူပေးထားတဲ့ လင့်ကိုပဲ နှိပ်လိုက်ပါ ..
နောက်ထပ် Tab အသစ်နဲ့အတူ Facebook ပွင့်လာပါမယ် ...

Email Confirm ဖြစ်တဲ့အကြောင်း တက်လာပြီဆိုရင် အရင် facebook ရဲ့ Tab ကို ပိတ်လိုက်ပါ ..
လက်ရှိရောက်နေတဲ့ Facebook ရဲ့ Home မှာပဲ Status လေးတစ်ခုလောက် ရေးပြီး တင်ပေးလိုက်ပါ ..

ဒါဆိုရင် .. အကောင့်တစ်ခုဟာ လော့မကျပဲ အဆင်ပြေပြေ အောင်မြင်သွားပါပြီ

ဒီနည်းလမ်းတစ်ခုလုံးမှာ ကျွန်တော် အသုံးချသွားတာက Browser တွေမှာ မှတ်သားထားလေ့ရှိတဲ့ Cookies ဆိုင်ရာ သီအိုရီအချို့ပါ .. ( ဒါကြောင့် Tab တွေကို မပိတ်ပဲ ထားခိုင်းတာပါ )
(youtube ကနေကြည့်ရန်) http://www.youtube.com/watch?v=flqGTQNHFDE&feature=player_embedded

February 5, 2013

Country Code and times List

နိုင်ငံအလိုက် Country Code နှင့်နာရီးများ
နိုင်ငံခြားသို့အဆက်သွယ်လုပ်ချင်တဲ့သူများအတွက်အဆင်ပြေစေပါတယ်
ဒီဆိုက်မှာ Country Code နှင့်နာရီများပါတစ်ခုခြင်းစီအလစ်ပေးပြီးကြည့်နိုင်ပါတယ်
အဆင်ပြေပါစေ...
==>http://dialcode.org/?gclid=CNr6jP7unrUCFUwb6wod_G0AUA

install ပိတ်နည်း

Install ပိတ်နည်း / ဖွင့်နည်း
cafe တွေမှာအချို့ဆိုင်တွေမှာ software install များကိုပိတ်ထားတတ်ကြပါတယ်
ဒါဆိုစိတ်မပျက်ပါနဲ့ ဒီနည်းတိုင်လုပ်လိုက်ပါ
ဖွင့်နည်း ဒီအစီစဉ်တိုင်းသွားလိုက်ပါ
windows + R နိုပ်လိုက်ပါ

ပြီးတော့ run box မှာ
gpedit.msc ->local Computer Policy-> Computer configuration->
Administrative Templates-> windows components-> windows installer->
Prohibit User Installs အဲမှာ ရွေးစရာသုံးခုတွေနိုင်ပါတယ်
(1) Not Configured
(2) Enabled
(3) Disabled
---------------
တွေ့ပါတယ်
ဖွင့်ချင်ရင်တော့ Enabled ပေါ့
ပိတ်ချင်ရင်တော့ Disabled
ပုံန်တိုင်းကတော့ Not Configured ပါ
အဆင်ပြေပါစဗျာ...
ဆရာတစ်ဦတော့မဟုတ်ပါသိမှတ်ထားသမျှ မျှဝေချင်းသာ။
နားမလည်ဘူးမရှင်းဘူးဆိုရင်တော့ နမူနာလုပ်နည်း မိုဗီးလေးတင်ပေးထားပါတယ်
အောက်မှာသွားကြည့်နိုင်ပါတယ်...=>
http://www.youtube.com/watch?feature=player_detailpage&v=Y1qSqiETW4Y







January 2, 2013

Lock ကျနေသာ Facebook အကောင့် ပြန်ယူနည်း


လတ်တလော Facebook ရဲ့ ပြောင်းလဲသွားသော ပေါ်လစီကြောင့် ကမ္ဘာတစ်လွှားက အကောင့်တွေ တော်တော်များများ ပိတ် (Lock) ကျသွားပါတယ်။ ပြန်မရတော့လောက်အောင်ကို စိတ်ညစ်စရာ ကောင်းပေမယ့် အကောင့်ကို

အလွယ်တကူ ပြန်ရနိုင်ပါတယ်။ ဒါကြောင့် အကောင့်သစ်သုံးနေပြီး မူလအကောင့် ကိုပြန်လိုချင်သူ များ အောက်ပါ အတိုင်း လုပ်ဆောင်ရန်လိုအပ်ပါတယ်။

အကောင့် လော့ကျတဲ့အခါ ဖုန်းနံပါတ် တောင်းပါလိမ့်မယ်။ ဒါကိုတော့ ကာယကံရှင် လူတိုင်းကြုံတွေ့ပြီး ဖြစ်ပါတယ်။ ဖုန်းနံပါတ်ရမှ အကောင့်ပြန်ဖွင့်ပေးမယ်လို့ ပြောထားပြီး နီးစပ်ခင်မင်ရာ သူငယ်ချင်း ဖုန်းနံပါတ် ငှားလိုက်တာမျိုး မလုပ်သင့်ပါဘူး။ နိုင်ငံခြားရောက်နေတဲ့ အသိတစ်ယောက်ယောက်ရဲ့ ဖုန်းနံပါတ်ကို အသုံးပြုပြီး အကောင့် ပြန်ရတာမျိုးအနည်းငယ်ရှိပေမယ့် ဒါက ရေရှည်မကောင်းပါဘူး။ ဘာလို့လဲဆို Facebook ဟာ ယင်းဖုန်းနံပါတ်ကို မှတ်သားလိုက်ပြီဖြစ်ပြီး နောက်ထပ် ယခုလို Lock ကျတာမျိုးတို့ Hack ခံရတာမျိုးနဲ့ ကြုံတဲ့အခါ ယင်းဖုန်းနံပါတ်နဲ့ အမြဲပတ်သက်နေရတော့မှာ ဖြစ်ပါတယ်။ ဒါကလည်း အမြဲပြောင်းလဲနိုင်ပါတယ်။ဒါကြောင့် အကောင့်လော့ကျတဲ့အခါ အကောင့်ကို ဘာမှ မသုံးပဲ ၄၈ နာရီ (၂ ရက်တိတိ) ဒီတိုင်းထားပါ။ ၁ရက်ခွဲလည်း ရပေမယ့် Facebook က ၂ ရက်လို့သတ်မှတ်ထားတဲ့အတွက် သူသတ်မှတ်ထားတဲ့ Step အတိုင်းသွားတာ ကောင်းပါတယ်။ အဲလိုမဟုတ်ပဲ ၄၈ နာရီအတွင်းမှာ ထိုင်ကလိနေရင်တော့ သတ်မှတ်ရက်ထက် ပိုကြာသွားနိုင်ပါတယ်။

၂ ရက် (၄၈ နာရီ) ပြည့်ပြီဆိုမှ အကောင့်ကို ယခင်ထုံးစံအတိုင်း Log In လုပ်ပါ။ ဒီမှာ Internet Explorer ကို အသုံးပြုဖို့ ပိုအကြံပေးချင်ပါတယ်။ Mozilla Firefox၊ Google Chrome, Safari အစရှိသဖြင့် အမျိုးမျိုး ခေတ်စားနေတဲ့ Browser များဟာ Security မြင့်မားပါတယ်။ Internet Explorer ကတော့ တားမြစ်ထားတာ သိပ်မရှိပါဘူး။ အချို့  ဝဘ်ဆိုဒ်များက Right click Disable လုပ်ထားတာတောင် Internet Explorer မှာ ရတတ်ပါတယ်။ ဘာပဲ Download ဆွဲဆွဲ Internet Explorer မှာ အတားအဆီး နည်းတယ်ဆိုတာ လက်တွေ့ သုံးဖူးသူတိုင်းသိမှာ ဖြစ်ပါတယ်။

ဒါကြောင့် Account ကို Log In ဝင်ရန် Internet Explorer ကိုအသုံးပြုစေလိုပါတယ်။ Mozilla Firefox, Chrome တို့လည်း အသုံးပြုမရလို့ မဆိုလိုပါ။ အသုံးပြုနိုင်ပါတယ်။ သို့ပေမယ့် အကြောင့်အမျိုးမျိုးကြောင့်ဖုန်း Message box ပြန်ပေါ်လာမှာ စိုးလို့ ဖြစ်ပါတယ်။ဒါလို Log In ဝင်ပြီးပြီဆိုပါဆို့။ သူက Password မေ့သူတို့ထုံးစံအတိုင်းပဲ Verification step တွေလာပါတယ်။ ဘာမှမပါပါဘူး။ သူငယ်ချင်း နာမည်ကို မှန်အောင် ရွေးခိုင်းတာမျိုးပဲ ဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ လူအမည်နဲ့ တွဲပေးရတာ ဖြစ်တဲ့အတွက် သတိထားစေချင်ပါတယ်။

ဒီမှာ ၅ ခုလောက်တွဲခိုင်းပါတယ်။ မရတဲ့ဟာဆိုရင် ရဲရဲကြီး Skip လုပ်ပါ။ အမှားများရင်တော့ အကောင့်ကို ထပ်မံ Lock ချမှာ ဖြစ်ပါတယ်။ မရတာတွေကို Skip လုပ်လိုက်တဲ့အခါ မေးခွန်းမပြည့်ပြည့်အောင် မေးပေးတာ Facebook ရဲ့ တာဝန်ဖြစ်တဲ့အတွက် နောက်တစ်ခါ ထပ်မေးပါတယ်။ ဒီမှာလည်း မရတာ Skip လုပ်ပြီး သေချာမှာ Submit လုပ်စေချင်ပါတယ်။ အကယ်၍ လူရွေးခိုင်းတဲ့ Step ကို တစ်ခါရှုံးပြီး နောက်တစ်ခါ ထပ်ရှုံးရင်တော့ နောက်မှ ပြန်လာတော့လို့ စာတန်းပေါ်လာတတ်ပါတယ်။ သို့ပေမယ့် Log out လုပ်ပြီး နောက်တစ်ခါ Log In ဝင်၊ အထက်ပါ လူရွေးတဲ့ မေးခွန်းကိုပဲ ဆက်တိုက် ပြန်လည်ဖြေဆိုပေးခြင်း လုပ်နိုင်ပါတယ်။

သူငယ်ချင်းနည်းပြီး ရှိတဲ့သူငယ်ချင်းများရဲ့ ဓာတ်ပုံတွေ ကြည့်ရှုလေ့ရှိသူများအတွက် အိုကေပေမယ့် သူငယ်ချင်း ထောင်ချီရှိပြီး မမှတ်မိဘူးဆိုရင်တော့ ခက်ပါလိမ့်မယ်။ သို့ပေမယ့် စိုးရိမ်စရာမလိုပါ။ သူငယ်ချင်းများလေလေ Facebook က အခွင့်အရေးများများပေးလေ ဖြစ်ပါတယ်။ တစ်ခါဖြေမရ၊ နှစ်ခါ ဖြေမရရင် ထောင်ချီ Friend List ရှိသူများ ကို နောက်ထပ် ဖြေခွင့် ပေးတတ်ပါတယ်။

ဖြေပြီးလို့ အောင်မြင်ပြီဆိုရင်တော့ Account ပြန်လည် ရရှိပါပြီ။ ဒီမှာ အကောင့်ပြန်ရပြီ ဆိုပြီး အရင်ကလုပ်နေကျ အတိုင်း Like, Comment , Post, Link , Message စတာတွေကို ထင်တိုင်းမကျဲသင့် သေးပါဘူး။ သေချာတာကတော့ Friend Request ၄ ရက်ပိတ်ထားပါတယ်။ Message လည်းပို့ခွင့် မရပါဘူး။ အရင်က Activity တစ်ခုခုလုပ်တိုင်း Warning တွေတက်တက်လာတတ်ပါတယ်။

ဒီနေရာမှ တစ်ခုထပ်ဖြည့်စွက်ပြီးပြောချင်ပါတယ်..friend ဖြည့်တဲ့နည်းဟာ လွယ်တယ်ထင်ပေမဲ့ သိပ်လွယ်ကူတာတော့မဟုတ်ပါဘူး..သူမေးထားတဲ့ ပုံနဲ့ လူငါးယောက်ကို မှန်အောင် ဖြည့်ရပါတယ်…အချိန်အကြာကြီးယူဖြည့်လို့မရပါဘူး..အချိန်ကြာသွားရင် မှန်ပေမဲ့လဲ အကောင့် log ပွင့်မှာမဟုတ်ပါဘူး။

အားလုံး အဆင်ပြေကြပါစေဗျား !!!

http://www.facebook.com/ko.seinthan မှကူးယူဖော်ပြသည်။



December 21, 2012

AVS Converter 8.3
Video Converter software လေးပါ Video Format တွေတော်တော်များများပြောင်းနိုင်ပါတယ်...
ယူချင်ရင်တော့ ဒေါင်းလုပ် =>http://www.convertfiles.org/video/capture-convert-burn-enhance.html